? လမ်းမတန်းမြေနေရာများ တစ်လငှါးရမ်းခ ကျပ်သိန်းတစ်ရာ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာ ?

 

ပြည်တွင်း အိမ်ခြံမြေ သတင်း

ရန်ကုန်လမ်းမတန်းမြေနေရာများတွင် ဆိုင်ခန်းဖွင့်လှစ်လုပ်ကိုင်ရန် လာရောက်ငှားရမ်းမှု အားကောင်းလာပြီး အဆိုပါ မြေနေရာများတွင်ဆိုင်ခန်းများတစ်လငှါးရမ်းခ ကျပ်သိန်းတစ်ရာ ဝန်းကျင်အထိဈေးနှုန်းမြင့်တက်လာပြီး အများစုမှာစားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်မှုအတွက် ငှါးရမ်းမှုများပြားလျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှသိရသည်။

လမ်းမတန်းဆိုင်ခန်းများကို ကုမ္ပဏီလုပ်ငန်းနှင့်တစ်ခြားအရောင်းပြခန်းအဖြစ် ဖွင့်လစ်ခြင်းများထက်စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူများ ပိုမိုဌားရမ်းမှု
များပြားလျက်ရှိကြောင်း သိရသည်။

မြို့တွင်းပိုင်းအများစုမှာ ကော်ဖီဆိုင်နှင့်စားသောက်ဆိုင်ဖွင့်လစ်မှုများပြားပြီး တောင်ဥက္ကလာ ၊ ရန်ကင်း မြို့နယ်များတွင် အခန်းကျယ်များဖြင့်အဝစားဆိုင်များ
ဖွင့်လစ်လျက်ရှိသည်။

ရန်ကုန်မြို့၏ဆိုင်ခန်းဌားရမ်းခမှာယခုနှစ်အတွင်းဈေးမကျဆင်းပဲ ဈေးအမြင့်ပိုင်းဖြင့်သာဌားရမ်းမှုပြုလုပ်ကြပြီး လမ်းမတန်းများတွင် တစ်လ၁၀သိန်းဝန်းကျင်မှသိန်း၁၀၀၀န်းကျင်အထိပေါက်ဈေးရှိသည်။

“ အခုကရတနာလမ်းတို့ ၊ သစ္စာလမ်းတို့ဘက်မှာဆိုင်ကြီးတွေဖွင့်လာတယ် အဲ့နေရာတွေကမြေလည်းရှိတယ် အခန်းခဆိုလည်းမြို့ထဲလောက်ဈေးမကြီးတော့သိန်းငါးဆယ်တန်ဆိုစားသောက်ဆိုင်ကြီးဖွင့်လို့ရတော့ အွန်လိုင်းကကြေငြာတာတွေလုပ်ပြီးဆိုင်တွေဖွင့်လာကြတယ်။ လမ်းမတန်းဆိုင်ခန်းငှါးခတွေကတာမွေဘက်မှာဆိုသိန်း၈၀လောက်အထိရှိတယ်။နေရာကောင်းရင်ကောင်သလိုဈေးကမြင့်သွားတယ် အကျယ်အဝန်းထက်နေရာအကွက်အကွင်းကောင်းရင်ကောင်းသလိုဈေးရှိတယ် အများစုကတော့ဆိုင်ခန်းဖွင့်ကြတယ် ဟော့ပေါ့ဆိုင်တွေပိုဖွင့်လာကြတယ် အများစုကအဝစားအကင်ဆိုင်တွေများတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးမှ ပြောသည်။

Credit: iMyanmarHouse.com