? လမ်းမတန်းမြေနေရာများ တစ်လငှါးရမ်းခ ကျပ်သိန်းတစ်ရာ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာ ?

  ပြည်တွင်း အိမ်ခြံမြေ သတင်း ရန်ကုန်လမ်းမတန်းမြေနေရာများတွင် ဆိုင်ခန်းဖွင့်လှစ်လုပ်ကိုင်ရန် လာရောက်ငှားရမ်းမှု အားကောင်းလာပြီး အဆိုပါ မြေနေရာများတွင်ဆိုင်ခန်းများတစ်လငှါးရမ်းခ ကျပ်သိန်းတစ်ရာ ဝန်းကျင်အထိဈေးနှုန်းမြင့်တက်လာပြီး အများစုမှာစားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်မှုအတွက် ငှါးရမ်းမှုများပြားလျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှသိရသည်။ လမ်းမတန်းဆိုင်ခန်းများကို ကုမ္ပဏီလုပ်ငန်းနှင့်တစ်ခြားအရောင်းပြခန်းအဖြစ် ဖွင့်လစ်ခြင်းများထက်စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူများ ပိုမိုဌားရမ်းမှု များပြားလျက်ရှိကြောင်း သိရသည်။ မြို့တွင်းပိုင်းအများစုမှာ ကော်ဖီဆိုင်နှင့်စားသောက်ဆိုင်ဖွင့်လစ်မှုများပြားပြီး တောင်ဥက္ကလာ ၊ ရန်ကင်း မြို့နယ်များတွင် အခန်းကျယ်များဖြင့်အဝစားဆိုင်များ ဖွင့်လစ်လျက်ရှိသည်။ ရန်ကုန်မြို့၏ဆိုင်ခန်းဌားရမ်းခမှာယခုနှစ်အတွင်းဈေးမကျဆင်းပဲ ဈေးအမြင့်ပိုင်းဖြင့်သာဌားရမ်းမှုပြုလုပ်ကြပြီး လမ်းမတန်းများတွင် တစ်လ၁၀သိန်းဝန်းကျင်မှသိန်း၁၀၀၀န်းကျင်အထိပေါက်ဈေးရှိသည်။ “ အခုကရတနာလမ်းတို့ ၊ သစ္စာလမ်းတို့ဘက်မှာဆိုင်ကြီးတွေဖွင့်လာတယ် အဲ့နေရာတွေကမြေလည်းရှိတယ် အခန်းခဆိုလည်းမြို့ထဲလောက်ဈေးမကြီးတော့သိန်းငါးဆယ်တန်ဆိုစားသောက်ဆိုင်ကြီးဖွင့်လို့ရတော့ အွန်လိုင်းကကြေငြာတာတွေလုပ်ပြီးဆိုင်တွေဖွင့်လာကြတယ်။ လမ်းမတန်းဆိုင်ခန်းငှါးခတွေကတာမွေဘက်မှာဆိုသိန်း၈၀လောက်အထိရှိတယ်။နေရာကောင်းရင်ကောင်သလိုဈေးကမြင့်သွားတယ် အကျယ်အဝန်းထက်နေရာအကွက်အကွင်းကောင်းရင်ကောင်းသလိုဈေးရှိတယ် အများစုကတော့ဆိုင်ခန်းဖွင့်ကြတယ် ဟော့ပေါ့ဆိုင်တွေပိုဖွင့်လာကြတယ် အများစုကအဝစားအကင်ဆိုင်တွေများတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးမှ ပြောသည်။ Credit: iMyanmarHouse.com

Read More

သင် ၏ နေအိမ် မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသောနည်း

လာဘ်ပွင့် စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထို ယတြာ နည်းများစွာ တွင် လူတစ်ဦး တစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ် များကို အဓိက ထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။ အခုပြောမှာ ကတော့ မိမိနေအိမ် ၏ မျက်နှာ လှည့်ရာ အရပ် ကို အဓိက ထား၍ လာဘ်ပွင့် အောင် လာဘ် လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။ အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာ အကျိုးကျေးဇူး တွေ ကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏

Read More

““ တံတားဖွင့်သဖြင့် မြောက်ဒဂုံ အိမ်ခြံမြေကို စိတ်ဝင်စားမှုပြန်တက် ””

““ တံတားဖွင့်သဖြင့် မြောက်ဒဂုံ အိမ်ခြံမြေကို စိတ်ဝင်စားမှုပြန်တက် ”” ငမိုးရိပ် (သစ္စာလမ်း) တံတားသစ် တည်ဆောက်ပြီးစီးပြီနောက် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် နေထိုင်ရန် ယခင်ကထက် စိတ်ဝင်စားမှု များလာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ ယခင်တံတားဟောင်းကို အစားထိုး လိုက်သည့် တံတားသစ်သည် တောင်ဥက္ကလာပ မြို့နယ်ရှိ သစ္စာလမ်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ငါးမာန်အောင်ဘုရားလမ်းကို ဆက်သွယ်ပေးထားပြီး နိုဝင်ဘာ ၂၉ ရက်က ဖြတ်သန်းသွားလာခွင့် စတင်ခွင့်ပြုခဲ့သည်။ တံတားသစ်တည်ဆောက်ပြီးနောက် ဒဂုံမြောက်ပိုင်းနှင့် ဒဂုံတောင်ပိုင်းသို့ ယခင်ကထက် သွားလာရေး ပိုမိုလွယ်ကူ အဆင်ပြေလာသဖြင့် အိမ်ခြံမြေဈေးကွက်ကို ယခင်ကထက် စိတ်ဝင်စားမှု ပိုမိုများပြားလာခြင်းဖြစ်သည်။ ” ဒီလိုမျိုး သွားလာရေးလွယ်ကူအောင် တံတားတွေ ဖွင့်တယ်ဆိုရင် အဲဒီပတ်ဝန်းကျင်မှာ အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်လေ့ရှိတာကို

Read More

ဂရန် နဲ့ ဥယျာဉ်ခြံမြေတွေ ဘာတွေသိသင့်သလဲ

*** ဂရန်မြေနဲ့ ဥယျာဉ်ခြံမြေမှာ သိသင့်တာတွေ နဲ့ပတ်သက်ပြီး အမေးအဖြေ ကဏ္ဍအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် *** မေး။ ။ ဂရန်အမည်ပေါက်ရောင်းရင် ပထမရောင်းသူအမည် ပေါက်မှ မိမိ လက်ရှိဝယ်ယူသူအ မည်ပေါက်ပြောင်းရင် ဂရန်စာ အုပ်အသစ်မှာ မိမိနာ မည်နဲ့ ရမှာ လား၊ ဒါမှမဟုတ် ဂရန်စာအုပ်အ ဟောင်းနဲ့ မိမိပိုင်ဆိုင်ကြောင်း စာရွက်ပဲတွဲပေးပြီး ထွက်တာလား ။ ဖြေ။ ။ သူတစ်ပါးအမည်ပေါက် ဂရန်မြေကို ဝယ်ပြီး အမည်ပြောင်းရင် အဲ သည်ဂရန်စာအုပ်အ ဟောင်းကို ပြန်ကိုင်ရပါတယ်။ ဂရန်စာအုပ်မှာ အမည်ြေ ပာင်းမှတ် တမ်းစာရွက် တွဲပေးလိုက်ပါတယ်။ အဲသည်စာရွက်မှာ မြေတိုင်းရပ် ကွက်၊ မြေကွက် အလွတ်၊ မြေ လွတ်တည်နေရာ၊ မြေဧရိယာ၊ မြေ အမည်ေ

Read More

ဘဏ်ချေးငွေ လျှောက်ထားဖို့ ဘာတွေပြင်ဆင်ထားရမလဲ

*** ဘဏ်ချေးငွေ လျှောက်ထားဖို့ ဘာတွေပြင်ဆင်ထားရမလဲ *** • ဘဏ်ချေးငွေလျှောက်ထားမယ်ဆိုရင် ယေဘုယျအားဖြင့် အပေါင်ပစ္စည်း (၀ါ) အာမခံပစ္စည်း တင်ပြရပါမယ်။ တနည်းအားဖြင့် မရွှေ့မပြောင်းနိုင်သော အာမခံပစ္စည်းပိုင်ဆိုင်မှု စာချုပ်များ၊ အထောက်အထားများကို တင်ပြရ ပြီး ငွေချေးယူမည့်သူ၏ အမည်ပေါက်မြေနှင့် အဆောက်အအုံများဖြစ်ရပါ မယ်။ • မြေပိုင်ဆိုင်မှုအတွက် အောက်ပါစာချုပ်နှင့် အထောက်အထား(မူရင်း)များ လက်ဝယ်ရှိရန် လိုအပ်ပါတယ်- (က) မြေငှားဂရန်စာချုပ် (ခ) မှတ်ပုံတင်ပြီးမြေနှင့် အဆောက်အအုံ အရောင်းအ၀ယ် စာချုပ် (သို့) မှတ်ပုံတင်ပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာလွှာ (သို့) မှတ်ပုံတင်ပြီး မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းစာချုပ် (သို့) မှတ်ပုံတင်ပြီး ပိုင်ဆိုင်မှုကို စွန့်လွှတ်/လက်ခံခြင်းစာချုပ် စသည် —- • “ ဘဏ်မှငွေချေးရန်” အကြောင်းပြချက်ဖြင့် လက်ရှိကာလအတွက်

Read More

တိုက်ခန်းများ အမည်ပြောင်းလျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

*** တိုက်ခန်းများ အမည်ပြောင်းလျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ *** မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ်လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် ကိုယ်တိုင်ရေးလျှောက်လွှာ (၁) စောင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသောအဆောက်အအုံ နေထိုင်ခွင့်စာချုပ်(သို့)သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်းလက်မှတ် (၁) စောင် တိုက်ခန်းလွဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်မိတ္တူ (၁) စောင် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် (၁) စောင် တိုက်ခန်းလွဲပြောင်းသူ၊ တိုက်ခန်းလက်ခံသူတို့၏မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၁) စောင် တိုက်ခန်းလွဲပြောင်းသူ၏ လိုင်စင်ဓါတ်ပုံ (၂)ပုံ တိုက်ခန်းလွဲပြောင်းသူ၏ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ (၁) စောင် လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန်

Read More

သိထားသင့်သည့် ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင်ကိုယ်စားလှယ်

*** သိထားသင့်သည့် ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင်ကိုယ်စားလှယ် *** ကိုယ်စားလှယ်လွှဲစာရသူနဲ့ တရားဝင် ကိုယ်စားလှယ်ဆိုတာ မတူဘူးလား။ ဘာကွာခြားချက်ရှိသလဲဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက် မေးမြန်းပါသည်။ ” သာမန်အားဖြင့် ဖတ်ကြည့် လိုက်ရင်တော့ တူတယ်လို့ ထင်ကြတယ်။ ဥပဒေအရတော့ မတူဘူး။ ခြားနားမှုရှိတယ်” ” အချို့ကလည်း ကိုယ်စားလှယ် လွှဲစာရသူနဲ့ တရားဝင် ကိုယ်စားလှယ်ဆိုတာ တစ်ဦးတည်းပဲ၊ အခေါ်အဝေါ်မတူတာလို့ ပြောကြတယ်။ ဒါကြောင့် နည်းနည်းရှင်းပြပေးပါဦး” ” သူငယ်ချင်းအနေနဲ့ ဘာများ အခက်အခဲတွေ့နေလို့လဲ” ” ဒီလို သူငယ်ချင်း။ မြေတစ်ကွက်ဝယ်မယ်လို့ သွားကြည့်တော့ ပိုင်ရှင်က အမွေရထားတာလို့ ပြောတယ်။ ပိုင်ရှင်က ကွယ်လွန်သွားပြီဖြစ်လို့ သူ့ရဲ့ တရားဝင် ကိုယ်စားလှယ်က တာဝန်ယူရောင်းမှာဖြစ်တယ်။ စာချုပ်စာတမ်းချုပ်မယ်ဆိုရင် လည်း အဲဒီတရားဝင်

Read More

မြေရှင်အသိအမှတ်က ကွန်ဒို/တိုက်ခန်း နေသူများအတွက်အရေးကြီး

*** မြေရှင်အသိအမှတ်က ကွန်ဒို/တိုက်ခန်း နေသူများအတွက် အရေးကြီး *** တိုက်ခန်း၊ ကွန်ဒို ဝယ်ယူ မှုတွေမှာ မြေရှင်ရဲ့ အသိအမှတ်ပြုခြင်းက လည်းခိုင်မာမှုအတွက် အရေးကြီးတယ် လို့ သိရပါတယ်။ “မြေရှင်လက်မှတ်ထိုးခဆိုတာက မြေ ရှင်ကို အမည်ပြောင်းခအနေနဲ့ ပေးရတာ ပါ၊ ဒီပိုက်ဆံကို မပေးချင်လို့ ကျော်လိုက် မယ်ဆိုရင် တိုက်နဲ့ ပတ်သက်ပြီး တစ်စုံ တစ်ခုဖြစ်လာရင် ပြဿနာရှိနိုင်တယ်”လို့ မြန်မာ့ ရတနာမြေ အကျိုးဆောင်လုပ်ငန်း မှ အိမ်ခြံမြေအကြံပေးရှေ့နေ ဦးကိုကိုက ပြောပါတယ်။ မြေရှင်လက်မှတ်ဆိုတာက တိုက်ခန်း ဝယ်ယူရာမှာ အမည်ပြောင်းအဖြစ် မြေရှင် က အသိအမှတ်ပြုပေးတာ ဖြစ်ပါတယ်။ မြေရှင်အသိအမှတ်ပြုခြင်းက တိုက်ခန်း နေသူတွေအတွက် အရေးကြီးပြီး တိုက် ခန်းနေသူတွေ တိုက်ပြိုကျခြင်း၊ တိုက်ခန်း ပျက်စီးခြင်းဖြစ်ပေါ်ပါက

Read More

ဂရန်မူရင်းကို ကန်ထရိုက်တာဆီ လွှဲဖို့မလို

*** ဂရန်မူရင်းကို ကန်ထရိုက်တာဆီ လွှဲဖို့မလို *** အကျိုးတူကန်ထရိုက်တိုက်တွေ ဆောက်လုပ်တဲ့အခါမှာ ဂရန်မူရင်းကို မြေပိုင်ရှင်က ကန်ထရိုက်တာဆီ လွှဲအပ်ထားဖို့ မလိုအပ်တာကို မြေပိုင်ရှင်တွေ အနေနဲ့ သိထားသင့်တယ်။ မြေပိုင်ရှင်တွေက သေချာမသိဘဲ ဂရန်မူရင်းကို ကိုယ်စားလှယ်လွှဲစာတွေနဲ့ လွှဲအပ်ကြသူတွေ ရှိပါတယ်။ အဲသည်လိုကြောင့် တချို့မြေပိုင်ရှင်တွေမသိအောင် ဂရန်ကိုပေါင်ထားခံရတဲ့ အဖြစ်တွေရှိတယ်လို့ သိရပါတယ်။ စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးသန်းဦးက “ ကမ်းနားလမ်းဘက်မှာဆို ကန်ထရိုက်တာက လွှဲပေးထားတဲ့ဂရန်ကို ပေါင်ပြီးပြေးတာ၊ အိမ်ရှင်ကမသိလိုက်ဘူး၊ နောက်မှ သိလို့တရားစွဲထားတယ်၊ တော်တော်များများက လွယ်လွယ်ကူကူနဲ့ လွှဲပေးလိုက်ကြတယ်၊ ဂရန်တွေပေါင်ထားပြီးမှ ပြန်မရွေးနိုင်ဘဲ တရားစွဲကြရော” လို့ ရှင်းပြပါတယ်။ အကျိုးတူလုပ်မယ်ဆိုရင် မြေပိုင်ရှင်က ကန်ထရိုက်တာကို လွှဲအပ်ရင်ဘာအတွက် ကိုယ်စားလှယ်လွှဲတာပါ ဆိုတာကို တိတိကျကျ ဥပဒေနားလည်သူနဲ့ လုပ်သင့်တယ်လို့ ဆိုပါတယ်။

Read More

ဂရန်မြေနဲ့ လယ်ယာမြေ (ပုံစံ ၇) အကြောင်း သိကောင်းစရာ

*** ဂရန်မြေနဲ့ လယ်ယာမြေ (ပုံစံ ၇) အကြောင်း သိကောင်းစရာ *** ဒီနေ့ လယ်ယာမြေတွေဟာ ဂရန်မြေ သို့မဟုတ် မြေငှားစာချုပ်တို့နဲ့ ပုံသဏ္ဌာန် အတော်လေး တူသွားပါပြီး။ စနစ်ကျသွားပြီးလို့ပြောရင် ပိုမှန်ပါတယ်။ ဒီတော့ နည်းနည်းပါးပါးလေး လွဲရင် အများစုတူနေတဲ့ ဂရန်မြေအကြောင်းကို နံပါတ်လေးတွေနဲ. ရေးပြမယ် ။အဲဒါ ဒီနေ့ “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ ၇)” ပါပဲ။ ဂရန်မြေ (မြေဌားစာချုပ်မြေ) 1. မြေ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံတော်ပင် ဖြစ်ပါသည်။ 2. သားစဉ်မြေးဆက် လက်ဝယ်ထားပိုင်ခွင့် ရှိသည်။ 3. မိမိမြေပေါ်မှ အကျိုးအမြတ်တို့ကို ခံစားပိုင်ခွင့် ရှိသည်။ 4. မိမိဆန္ဒအလျှောက် ရောင်းချပိုင်ခွင့် ရှိသည်။ 5. ပေါင်နှံပိုင်ခွင့် ရှိပါသည်။ 6.

Read More